မိတ္တီလာမြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ရမည့် အထူးရဲ(၂၉၁)ဦးအား Covid-19ပိုး ရှိမရှိ Test Kit ဖြင့် စစ်ဆေးရာ အားလုံးပိုးကင်းစင်
နိုဝင်ဘာ(၈)ရက်နေ့မှာကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မိတ္တီလာမြို့နယ်အတွင်းရှိ မဲရုံ(၂၉၁)ရုံမှာ တာဝန်ထမ်းဆောင်ရမယ့် အထူးရဲ(၂၉၁)ဦးကို အောက်တိုဘာ ၂၅ ရက်နေ့မှာ Covid-19 ပိုးရှိမရှိ စစ်ဆေးခဲ့ရာမှာ အားလုံးမှာ ပိုးမတွေ့ရှိရဘူးလို့ မိတ္တီလာခရိုင်ရဲတပ်ဖွဲ့မှူး ဆီက သိရပါတယ်။