တိုင်းနှင့်ပြည်နယ် အသီးသီးက Stay at Home သတ်မှတ်ထားသည့် မြို့နယ်နေသူများကို ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးရန် သွားရောက်ခြင်းများအတွက် ခြွင်းချက်အနေဖြင့် ခွင့်ပြု
မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးက Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြည်သူတွေကို လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာ မဲရုံများသို့ ဆန္ဒမဲပေးရန် သွားရောက်ခြင်းများအတွက် ခြွင်းချက်အနေဖြင့် ခွင့်ပြုကြောင်းအမိန့်ကို အောက်တိုဘာ ၂၅ ရက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။