ဟုမ္မလင်းနှင့်ဖောင်းပြင်မြို့နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ခဲ့ပြီး ကျေးရွာအချို့ ရေနစ်မြုပ်ခဲ့ပြီး လမ်းပိုင်းအချို့ပျက်စီး
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ခဲ့ပြီး ချောင်းနံဘေးကျေးရွာများရေနစ်မြုပ်ခဲ့ပြီး အိမ်ထောင်စု ၁၀ စုရွှေ့ပြောင်းခဲ့ရသလို မုံရွာ၊ မန္တလေးမြို့ကြီးများနှင့်ဆက်သွယ်ထားတဲ့ သက္ကယ်ကျင်း-ဖောင်းပြင်-မဟာမြိုင်လမ်းရှိ လမ်းပိုင်းအချို့လည်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။