ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ ပဋိပက္ခဖြစ်စဉ်အတွင်း ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူများက ရိုက်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့သောအမျိုးသားတစ်ဦး ဆေးကုသမှုခံယူနေစဉ် သေဆုံးမှု ဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာ အောက်တိုဘာ ၂၂ ရက်က NLD ပါတီဝန်းရံထောက်ခံသူများနှင့် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတွေက ရိုက်နှက်ခဲ့တာကြောင့် ပြင်းထန်ဒဏ်ရများရရှိခဲ့တဲ့အမျိုးသားတစ်ဦးဟာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသမှုခံယူနေချိန် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။