COVID-19 ကြောင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်နိုင်မည် မဟုတ်

COVID-19 ကြောင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်နိုင်မည် မဟုတ်
Published 24 October 2020

နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပပြုလုပ်လေ့ရှိတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို လက်ရှိ Covid-19 ကူးစက်ကပ်ရောဂါအခြေအနေအရ ကျင်းပပြုလုပ်နိုင်မှာ မဟုတ်ကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။