နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိအခြေခံမူလတန်းကျောင်းတွင်ပြုလုပ်သည့် မဲပေးခြင်းသရုပ်ပြအခမ်းအနားသို့ အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်ခဲ့
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိအခြေခံပညာမူလတန်းကျောင်းမှာ ပြုလုပ်တဲ့သရုပ်ပြမဲပေးတဲ့အခမ်းအနားကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်ခဲ့ပြီးမဲပေးတဲ့ပုံစံကို ၎င်းအနေနဲ့အားရကျေနပ်မှုရှိပြီးရွေးကောက်ပွဲနေ့မှာအဆိုပါအစီအစဉ်အတိုင်းဆောင်ရွက်သွားဖို့ မှာကြားခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောပါတယ်။