ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့တွင် မီးရထားလမ်းပိုင်းလုပ်ငန်းများကြောင့် ရေကြီးနစ်မြုပ်မှုအတွက် ဆုံးရှုံးနစ်နာသူ ပြည်သူများ ရရှိသည့်ထောက်ပံ့ကြေးအပေါ် ကျေနပ်မှုမရှိဟုဆို
အခုနှစ်မိုးရာသီအတွင်းပိန်းဇလုပ်မြို့မှာ ရွှေတောင်ကုမ္ပဏီကတာဝန်ယူဆောက်လုပ်နေတဲ့ မီးရထားလမ်းပိုင်းလုပ်ငန်း တွေကြောင့်ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်ခဲ့ပြီး ကုမ္ပဏီကနေပြန်လည်ထောက်ပံ့တဲ့ငွေကို ရေကြီးမှုကြောင့်ပျက်စီးခဲ့တဲ့ အခြေခံ လူတန်းစားတွေအတွက်တစ်အိမ်ထောင်ကို ကျပ်သုံးသောင်းခွဲစီသာ ရရှိခဲ့တဲ့အပေါ် ကျေနပ်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။