SNLD ပါတီမှ စည်းရုံးရေးဆင်းရန်သွားစဉ် ဝန်းရံလိုက်ပါလာသောကားတစ်စီး ရွှေလီမြစ်အတွင်းထိုးကျခဲ့ရာ သုံးဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ဖိုင်ကောင်းကျေးရွာနဲ့ မန်ဟီးရိုးမြို့ကြားမှာရှိတဲ့ ရွှေလီမြစ်အတွင်းအောက်တိုဘာလ ၁၈ ရက်နံနက် ၁၀ နာရီခန့်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ကျားခေါင်းပါတီ က မူဆယ်မြို့နယ်ကနေ မန့်ဟီးရိုးမြို့ကို ပါတီစည်းရုံးရေးလုပ်ငန်းတွေလုပ်ဖို့သွားရောက်စဉ်မှာ ဝန်းရံလိုက်ပါလာတဲ့ ကားတစ်စီး မြစ်အတွင်း ထိုးကျခဲ့ရာ ၃ဦး ရေနစ်သေဆုံးကာ ကလေးငယ် ၁ ဦးပျောက်ဆုံးနေတယ်လို့ ကနဦးရရှိတဲ့သတင်းတွေအရ သိရပါ တယ်။