ပုဂံဒေသအတွင်း သစ်ပင်စိုက်ရန် မြေတူးစက်များ အသုံးပြုနေသည့်အပေါ် ရှေးဟောင်းသုတေသနပညာရှင်များ ကန့်ကွက်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသအတွင်း သစ်ပင် သုံးထောင်စိုက်ရန် မြေတူးစက်များ အသုံးပြုနေတဲ့အပေါ် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာရှင်များအသင်းက ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။