တပ်မတော်နှင့် (RCSS) တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေမှု အခြေအနေတည်ငြိမ်လာသည့်အတွက် တိုက်ပွဲရှောင်ပြည်သူအချို့ နေရပ်ပြန်
တပ်မတော် နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းရှိ ပုံဝိုးနယ်တစ်ဝိုက်မှာ တိုက်ပွဲရှောင် နေရတဲ့ ပြည်သူ ၃၅၀၀ ကျော်ဟာ နေရပ်ပြန်နေပြီဖြစ်တယ်လို့သိရပါတယ်။