ပိဿာချိန် ( ၁၅၀၀) ရှိ ဖာ းကန့်ကျောက်စိမ်းအရိုင်းတုံးကိုသယ်ဆောင်သွားပြီဖြစ်ကာ တူးဖော်ရရှိသူများကို ဝေစုခွဲပေးမည်ဟုဆို
ဖားကန့်မြို့နယ် ၊YTT တောင်ကုန်း မတ်လင်ချောင်မျောချောင်းအတွင်း ရေမဆေးသမားများ တွေ့ရှိခဲ့သည့် ပိဿာချိန် (၁၅၀၀) ခန့်ရှိ ကြက်မြင်း မဲကြော ကျောက်စိမ်းအရိုင်းတုံးကို ရဲအင်အား (၁၀၀) ခန့်ဖြင့် လုံးခင်း ကျောက်စိမ်းရုံးသို့ သယ်ဆောင်သွားပြီး မူလကာယကံရှင် ကျောက်စိမ်းတွေ့ရှိသူများနှင့် ကျောက်စိမ်းရုံး၌သာ ညှိနှိုင်းမှုများဆောင်ရွတ်သွားမည်ဖြစ်ပြီး ထိုက်သင့်သလောက် ဝေစုရပိုင်ခွင့်ပေးကာ နိုင်ငံတော်ပိုင် သိမ်းဆည်းသွားမယ်လို့သိရပါတယ်။