စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၃၇မြို့နယ်တို့တွင် အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင် ခြောက်သိန်းနီးပါးရှိ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် ၃၇ မြို့နယ်ရှိ မဲဆန္ဒနယ်အတွင်း သက်ဆိုင်ရာမဲရုံမှာ ကိုယ်တိုင်လာရောက်ကာ ဆန္ဒမဲမပေးနိုင်တဲ့ အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင် ခြောက်သိန်းနီးပါးရှိတယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး စာရင်းမှတ်တမ်းများအရ သိရပါတယ်။