ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းနယ်စပ် ပန်တိုင်စစ်ဆေးရေးဂိတ်တွင် ဝင်ခွင့်ပိတ်ထား၍ နေရပ်ပြန် ၁၀၀၀ ကျော်ပိတ်မိနေခဲ့ရာညနေပိုင်းမှ ဝင်ခွင့်ရခဲ့
ရန်ကုန်တိုင်းဒေသကြီးမှာStay at Home သတ်မှတ်လိုက်ပြီးနောက် အလုပ်အကိုင်မရှိတော့ဘဲအခက်အခဲကြုံနေတဲ့ ပြည်သူတွေဟာအောက်တိုဘာလ ၁၃ရက်နေ့ နံနက်ပိုင်းကစတင်ကာဧရာဝတီတိုင်းဒေသကြီးအတွင်းကဇာတိမြို့တွေကို ပြန် လာရာမှာ ပြန်ဝင်ခွင့်မရဘဲပန်တိုင်စစ်ဆေးရေးဂိတ်မှာလူပေါင်း ၁၀၀၀ကျော် ပိတ်မိခဲ့ပြီးညနေ ၆ နာရီဝန်းကျင်မှသာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်အရယာယီပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။