မူဆယ်တွင် ၂၀၂၀ရွေးကောက်ပွဲအတွက်ဖွင့်လှစ်သည့်အထူးရဲသင်တန်းမှ သင်တန်းသားများအား test kit ဖြင့်Covidစစ်ဆေးရာရဲတပ်ကြပ်ကြီးတစ်ဦးတွင်ပိုးတွေ့
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက်မူဆယ်မြို့နယ်မှာဖွင့်လှစ်ထားတဲ့ အထူးရဲသင်တန်းကသင်တန်းသားတွေကိုအောက်တိုဘာလ၁၃ရက်နေ့က Rapid Covid-19 antigen test kit နဲ့ စစ်ဆေးရာသင်တန်းဆရာရဲတပ်ကြပ်ကြီးတစ်ဦးမှာပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။