မိတ္ထီလာမြို့မှ Covid အတည်ပြုလူနာများ၊ Quarantine ဝင်နေသူ စုစုပေါင်း လူဦးရေ(၁၈၀)ကျော်ကို ပရဟိတအသင်းများမှ နေ့စဉ်ထမင်းသုံးနပ်တာဝန်ယူပို့ပေးနေပြီး အလှူရှင်များ လိုအပ်နေ
မိတ္ထီလာခရိုင်ဆေးရုံကြီးက Covid-19 အတည်ပြုလူနာတွေ၊ မြို့နယ်အတွင်းမှာရှိတဲ့ QuarantineCentre တွေက ပြည်သူတွေ၊ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ကြက်ခြေနီ၊ မီးသတ် စုစုပေါင်း လူဦးရေ ၁၈၀ ကျော်ကို မိတ္ထီလာမြို့အခြေစိုက် ပရဟိတအသင်းတွေက အလှူရှင်ရှာကာနေ့စဉ်ထမင်းသုံးနပ်တာဝန်ယူပို့ဆောင်ပေးနေပြီး လက်ရှိမှာ အလှူရှင်တွေ လိုအပ်နေ တယ်လို့ သိရပါတယ်။