ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်မှုများသည် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက်ဟု ဆိုကာ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ ထောက်ပံ့တဲ့ ပိုလျှံရံပုံငွေ ကျပ်သိန်း (၁၂၂,၆၀၈,၀၀၀) အား ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဖြစ်သူမှ မမှန်မကန် သုံးစွဲတယ်လို့ဆိုကာ တိုင်ကြားထားမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတာဝန်မှ နုတ်ထွက်ခဲ့တယ်လို့ သထုံခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးမောင်ဦး က Eleven Media Group သို့ ပြောကြားခဲ့ပါတယ်။