COVID-19 ရောဂါလက္ခဏာ တစ်ခုခု ခံစားရပါက RDT ဖြင့် ချက်ခြင်းစစ်ဆေးပေးမည့် Testing Center ကို သုဝဏ္ဏအားကစားကွင်းတွင် ယနေ့ ဖွင့်မည်
ရန်ကုန်မြို့က ပြည်သူတွေအနေနဲ့ ဖျားနာတာ၊ အနံ့ပျောက်တာ စတဲ့ COVID - 19 ရောဂါလက္ခဏာ တစုံတရာ ခံစားရပါက လာရောက်ပြသပြီး COVID-19 Rapid Diagnostic Test (RDT) နဲ့ ချက်ခြင်း စစ်ဆေးပေးမယ့် Testing Center တစ်ခုကို သုဝဏ္ဏအားကစားကွင်းအတွင်း တည်ဆောက်နေပြီး (အောက်တိုဘာ ၁၂ ရက်) ဒီကနေ့မှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။