Stay at Home မြို့များနှင့် လူဦးရေများသည့် မြို့နယ်များမှ အသက် ၆၀နှင့်အထက်ရှိသူများကို အောက်တိုဘာ ၂၅ရက်မှ နိုဝင်ဘာ ၅ရက်နေ့အထိ နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်
Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ လူဦးရေထူထပ်တဲ့ မြို့နယ်တွေမှာ နေထိုင်တဲ့ ရောဂါကူးစက်ခံရမှုလွယ်ကူနိုင်တဲ့ အသက် ၆၀နှင့် အထက်ရှိသူတွေကို အောက်တိုဘာလ ၂၅ရက်နေ့မှ နိုဝင်ဘာလ ၅ရက်နေ့အထိ နေအိမ်မှာပဲ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးမယ်လို့ အောက်တိုဘာ ၁၀ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။