ဖားကန့်မြို့နယ်တွင် Covid 19 အတည်ပြုလူနာ (၁၁) ဦးထပ်တိုးခဲ့

ဖားကန့်မြို့နယ်တွင် Covid 19 အတည်ပြုလူနာ (၁၁) ဦးထပ်တိုးခဲ့
Published 10 October 2020

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၁) ဦး ထပ်မံတိုးခဲ့ပြီး ဖားကန့်မြို့ မော်ဝမ်းရပ်ကွက် နေထိုင်သူ အနံ့မရရှိသည့်အမျိုးသမီး (၁) ဦးနှင့် လုံးခင်းကျေးရွာ ဖြူစင်ကုန်းရပ်ကွက်မှ (၃) ဦး ပါဝင်လာပြီး ကျန်(၇) ဦးမှာ မြို့နယ်တွင်း ကူးစက်ခံရမှုအများဆုံးဖြစ်တဲ့ လက်ရှိ Lockdown ချထားတဲ့ တောင်ပြိုကျေးရွာမှ ဖြစ်တယ်လို့ ဖားကန့်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းလွင်ကပြောပါတယ်။