မိတ္တီလာမြို့နယ်တွင်NLDပါတီမှလွှတ်တော်ကိုယ်စားလှယ်လောင်းမဲဆွယ်သွားစဉ်အမျိုးသားတစ်ဦးကခဲဖြင့်ထုသဖြင့်မဲဆွယ်ပွဲသို့လိုက်ပါလာသောအမျိုးသမီးတစ်ဦးဒါဏ်ရာရ
မိတ္တီလာမြို့နယ်၊ရှင်မြို့ကျေးရွာကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မောင်မောင်နှင့်ပါတီဝင်တွေမဲဆွယ်သွားခဲ့ရာအပြန်မှာရှင်မြို့ကျေးရွာရှိပြည်ခိုင်ဖြိုးပါတီအလံထောင်ထားတဲ့အိမ်တစ်အိမ်မှအမျိုးသားတစ်ဦးကခဲဖြင့်ပစ်ပေါက်ခဲ့တာကြောင့်မဲဆွယ်ပွဲကိုလိုက်ပါလာတဲ့အမျိုးသမီးငယ်တစ်ဦးခေါင်းပေါက်ဒဏ်ရာရရှိခဲ့သဖြင့်အမှုဖွင့်ထားတယ်လို့ သိရပါတယ်။