မြဝတီကုန်သွယ်ရေး Quarantine Center တွင် ပြည်တွင်းသို့ဝင်မည့်ကုန်တင်ယာဉ်မောင်းများအား Antigen Test Kit သုံးကာတစ်ဦးလျှင်ကျပ်နှစ်သောင်းနှုန်းဖြင့် Covidစစ်ဆေး
မြန်မာ - ထိုင်းနယ်စပ်မြဝတီမြို့ကနေပြည်တွင်းကိုကုန်စည်ပို့ဆောင်မယ့် ကုန်တင်ယာဉ်မောင်းတွေကိုCovid - 19 ကင်းရှင်းကြောင်းထောက်ခံစာနဲ့သာကုန်သွယ်ခွင့်ပြုမှာဖြစ်တာကြောင့် မြဝတီကုန်သွယ်ရေးဇုန်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကိုအောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းကစတင်ကာAntigen Test Kitနဲ့စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။