မြိုင်မြို့နယ် NLD ပါတီရပ်/ကျေးအဖွဲ့ဝင်တစ်ဦး ဓားဖြင့်အခုတ်ခံရပြီးနေအိမ်ဖျက်ဆီးခံရဟု ကနဦးသတင်းရရှိ
မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်ကန်နီကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမြိုင်မြိုနယ်ရဲ့ရပ်/ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်နိုင်မှာ အောက်တိုဘာ ၃ ရက် ညပိုင်းက ဓားနဲ့ အခုတ်ခံရပြီး နေအိမ်၊ ကားနှစ်စီးနဲ့ဆိုင်ကယ်တွေအပါအဝင်အခြားပစ္စည်းတွေလည်းဖျက်ဆီးခံခဲ့ရတယ်လို့ ကနဦးသတင်းရရှိပါတယ်။