ကျိုက်ထို၊ ကင်မွန်းချောင်းကျေးရွာတွင် NLD ပါတီအောင်နိုင်ရေးအင်အားပြလှည့်လည်နေစဉ် ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ရာဒဏ်ရာပြင်းထန်သူ ၂ ဦးအပါအဝင် (၈) ဦးထိခိုက်ဒဏ်ရာရရှိ
ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ ကျောင်းစုပိုင်းရှိ (ဒေသအခေါ်ဦးစိုးဝင်းဇရပ်ကွေ့) မှာစက်တင်ဘာလ (၄) ရက်နေ့ မနက်ပိုင်းက NLDပါတီရွေးကောက်ပွဲအောင်နိုင်ရေးအင်အားပြလှည့်လည်နေစဉ် ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာလူ (၈) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။