သီပေါတွင်မူးယစ်ဆေးဝါးရှာဖွေရန်တားဆီးစဉ်မောင်းနှင်ထွက်ပြေးခဲ့ယာဉ်ကိုလိုက်လံဖမ်းဆီးရာသေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

သီပေါတွင်မူးယစ်ဆေးဝါးရှာဖွေရန်တားဆီးစဉ်မောင်းနှင်ထွက်ပြေးခဲ့ယာဉ်ကိုလိုက်လံဖမ်းဆီးရာသေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံး
Published 29 September 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊သီပေါမြို့နယ်၊ ပန်စောက်မိန်းကျေးရွာနဲ့ ဆွတ်လန်းကျေးရွာကြား၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်မိုင်တိုင်အမှတ် - ၁၃၂အနီးမှာစက်တင်ဘာလ၂၈ရက်နေ့မွန်းလွဲ၂နာရီ၁၅မိနစ်အချိန်ကလားရှိုးဘက်ကနေမောင်းနှင်လာတဲ့ယာဉ်တစ်စီးကိုမူးယစ်ဆေးဝါးစစ်ဆေးဖို့ရပ်တန့်ခိုင်းစဉ်အဆိုပါယာဉ်မှာရပ်တန့်မပေးဘဲထွက်ပြေးမောင်းနှင်သွားတယ်လို့ သိရပါတယ်။