ညောင်ဦးမြို့ သမိုင်းဝင်ရွှေစည်းခုံစေတီတော်၏တောင်ဘက်စောင်းတန်းမိုးသည်းထန်းစွာရွာသွန်းခြင်းကြောင့် ပြိုကျခဲ့

ညောင်ဦးမြို့ သမိုင်းဝင်ရွှေစည်းခုံစေတီတော်၏တောင်ဘက်စောင်းတန်းမိုးသည်းထန်းစွာရွာသွန်းခြင်းကြောင့် ပြိုကျခဲ့
Published 29 September 2020

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့ အမှတ် ၅ နယ်မြေမှာရှိတဲ့ သမိုင်းဝင်ရွှေစည်းခုံစေတီတော် ရဲ့ တောင်ဘက်စောင်းတန်းဟာမိုးသည်းထန်းစွာရွာသွန်းခဲ့တဲ့အတွက် ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်ကပြောပါတယ်။