လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ လုပ်သားများအတွက် မဲရုံထားရမည်ဟု သတင်းထွက်ပေါ်မှုအပေါ် နိုင်ငံရေးပါတီတစ်ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတို့က လက်မခံ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း လုပ်ကိုင်နေကြတဲ့ လုပ်သားတွေ မဲပေးခွင့်ရရှိဖို့ မဲရုံထားရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်မှုအပေါ် နိုင်ငံရေးပါတီ တစ်ခုနဲ့ တစ်သီးပုဂ္ဂလ တစ်ဦးတို့က လက်မခံဘူးလို့ ပြောပါတယ်။