မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ ၁၁၀၀ စင်တီမီတာနီးပါး ရောက်နေပြီး ရပ်ကွက်တစ်ချို့တွင် မြစ်ရေ ဝင်ရောက်နေကာ စိုက်ခင်း နှင့် လယ်မြေများကို ရေလွှမ်းနေ
စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ ၁၀၉၄ စင်တီမီတာ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၁၂၀၀ စင်တီမီတာ ဝန်းကျင်ကို ရောက်ရှိနိုင်ကြောင်း မြစ်ကြီးနားမြို့ ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းထွေးက ပြောပါတယ်။