ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ မြန်မြန်စမ်းသပ်နိုင်တဲ့ Antigen test kit ပစ္စည်းဆေးဝါးများ ခုရေတစ်သိန်း မှာယူထားဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ မြန်မြန်စမ်းသပ်နိုင်တဲ့ Antigen test kit ပစ္စည်းဆေးဝါးများ ခုရေတစ်သိန်း မှာယူထားဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား
Published 26 September 2020

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ မြန်မြန်စမ်းသပ်စစ်ဆေးနိုင်တဲ့ Antigen test kit ပစ္စည်းဆေးဝါးတွေကို နိုင်ငံတော်အစိုးရမှ တောင်ကိုရီးယားနိုင်ငံကနေ အခုရေတစ်သိန်း မှာယူထားပြီး တောင်ကိုရီးယားနိုင်ငံအစိုးရမှလည်း ဒေါ်လာငါးသိန်းဖိုးလှူဒါန်းသွားမှာဖြစ်တယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။