ရန်ကုန်မြို့တွင် Stay at Home နေထိုင်ရန် ထုတ်ပြန်ပြီးနောက် လမ်းမများ၌ လူသွားလူလာနည်းပါးသည့်အတွက် ထီရောင်းချသူများ ရောင်းအားကျဆင်းပြီးအရှုံးပေါ်နိုင်
ရန်ကုန်မြို့မှာ အစိုးရမှ Stay at Home နေထိုင်ရန် ထုတ်ပြန်ပြီးနောက် လမ်းမတွေမှာ လူသွားလူလာ နည်းပါးသွားတဲ့အတွက် ထီရောင်းချသူတွေရောင်းအားကျဆင်းပြီး လကုန်ပါက ထီလက်မှတ်များကျန်ကာ အရှုံးပေါ်နိုင်တယ်လို့ စက်တင်ဘာလ ၂၅ ရက်မှာ ထီလက်လီရောင်းချတဲ့ ကိုယ်စားလှယ်တွေထံက သိရပါတယ်။