COVID-19 ကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို အောက်တိုဘာ ၃၁ ရက်အထိ တိုးမြှင့်
လေကြောင်း ခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များပြေးဆွဲခွင့် ကာလအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။