ရန်ကုန်ပြန် ငါးကားမောင်းသူတစ်ဦးတွင် ပိုးတွေ့ရှိသဖြင့် မုံရွာမြို့ ငါးဒိုင်မှ ၂၁ ဦးနှင့် စစ်ကိုင်းမြို့ ငါးဒိုင် ထိတွေ့ခဲ့သူအချို့အား Quarantine ပြုလုပ်မည်
ရန်ကုန်ပြန် ငါးကားမောင်းသူတစ်ဦးမှာ covid- 19 ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ၎င်းသွားရောက်ခဲတဲ့ မုံရွာမြို့ရှိ ငါးဒိုင်မှ ၂၁ ဦးနဲ့ စစ်ကိုင်းမြို့ရှိ ငါးဒိုင်မှ ထိတွေ့ခဲ့သူအချို့ကို quarantine ပြုလုပ်ကာ swab ယူစစ်ဆေးသွားမှာဖြစ်တယ်လို့ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။