ကင်းလှည့် ရင်းပျောက်ဆုံးသွားသည့် တောင်ကိုရီးယားအရာရှိကိုမြောက်ကိုရီးယားကပစ်သတ်ပြီးအလောင်းအားမီးရှို့ခဲ့ဟုတောင်ကိုရီးယားစစ်တပ်ပြော
အခုသီတင်းပတ် အစောပိုင်းကငါးခိုးဖမ်းမှုတွေကိုစောင့်ကြည့်တဲ့ ကင်းလှည့်ရေယာဉ် တစ်စီးပေါ်ကနေပျောက်ဆုံးသွားခဲ့တဲ့ တောင်ကိုရီးယားအရာရှိတစ်ဦးကိုမြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ပြီးအလောင်းကိုမီးရှို့ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်ကစက်တင်ဘာလ ၂၄ ရက်နေ့မှာပြောပါတယ်။