Stay at Home အကျုံးဝင်သည့်စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအနက် ဇွန်လအတွက် လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းထားသူများအားလုပ်ခလစာ၏ ၄၀ရာခိုင်နှုန်းထောက်ပံ့မည်
Stay at Home အစီအစဉ်မှာအကျုံးဝင်တဲ့ စက်ရုံအလုပ်ရုံတွေမှာအလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားတွေအနက် ၂၀၂၀ခုနှစ် ဇွန်လအတွက် လူမှုဖူလုံရေးထည့်ဝင်ကြေးပေးသွင်းထားပြီး စက်တင်ဘာလ ၂၃ရက်နေ့အထိ အလုပ်လုပ်ကိုင်နေသူတွေအတွက် လုပ်ခလစာရဲ့ ၄၀ရာခိုင်နှုန်းကိုထောက်ပံ့ပေးပေးသွားမယ်လို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကစက်တင်ဘာလ ၂၄ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။