မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် တိုင်းခရီးသွားလုပ်ငန်းကော်မတီ ညွှန်ကြားထား
မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ခွင့်ပြုထားတဲ့ တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်တည်းခိုရိပ်သာများအားလုံးမှာ စက်တင်ဘာလ ၂၂ ရက်မှ စတင်ပြီး ဧည့်သည်အသစ် လက်ခံခြင်းခွင့်မပြုတော့ဘဲ လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရန် တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီမှ ညွှန်ကြားစာထုတ်ထားတယ်လို့ သိရပါတယ်။