မြောက်ကိုရီးယား ခြိမ်းခြောက်မှုကိုတုံ့ပြန်ရန် ဂျပန်နှင့် တောင်ကိုရီးယားဆက်ဆံရေးကို ပြင်ဆင်ရမည်ဟု ဂျပန်ဝန်ကြီးချုပ်သစ် ဆော်သြ

မြောက်ကိုရီးယား ခြိမ်းခြောက်မှုကိုတုံ့ပြန်ရန် ဂျပန်နှင့် တောင်ကိုရီးယားဆက်ဆံရေးကို ပြင်ဆင်ရမည်ဟု ဂျပန်ဝန်ကြီးချုပ်သစ် ဆော်သြ
Published 25 September 2020

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုမှန်သမျှကို တုံ့ပြန်ဖို့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ်သစ် ယိုရှီဟီဒဲဆူဂါက စက်တင်ဘာ ၂၄ ရက်နေ့မှာ တောင်ကိုရီးယား သမ္မတကို ပြောကြားလိုက်ပြီး မိမိတို့နှစ်နိုင်ငံရဲ့ ဆက်ဆံရေးကိုလည်း ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေကြောင်း ၎င်းက ဆော်သြခဲ့ပါတယ်။