တစ်ရက်တည်းစံချိန်တင်တွေ့ရှိခဲ့သည့် ကိုဗစ်အတည်ပြုလူနာသစ် ၈၆၉ဦးအနက် ရန်ကုန်တိုင်းမှ ၇၈၃ဦးပါဝင်ကာ လူနာ ၁၄ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ ၁၄၇ဦးရှိလာ
စက်တင်ဘာလ ၂၃ရက်နေ့တစ်ရက်ထဲအတွက် စံချိန်တင်တွေ့ရှိခဲ့တဲ့ COVID-19 အတည်ပြုလူနာသစ် ၈၆၉ဦးအနက် ရန်ကုန်တိုင်းဒေသကြီးမှ ၇၈၃ဦးပါဝင်ခဲ့ပြီး အတည်ပြုလူနာသေဆုံးသူ ၁၄ဦးထပ်တိုးလာကာ သေဆုံးသူစုစုပေါင်း ၁၄၇ဦးရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၂၄ရက်နေ့ ညနေ ၆နာရီခွဲမှာ သတင်းထုတ်ပြန်ထားပါတယ်။