အဆိပ်ခတ်ခံခဲ့ရသည့် ရုရှားအတိုက်အခံခေါင်းဆောင် ဂျာမနီဆေးရုံမှဆင်းပြီ

အဆိပ်ခတ်ခံခဲ့ရသည့် ရုရှားအတိုက်အခံခေါင်းဆောင် ဂျာမနီဆေးရုံမှဆင်းပြီ
Published 24 September 2020

 

အဆိပ်ခတ်ခံခဲ့ရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဆီနာဗယ်နီဟာ သူတက်ရောက်ကုသနေတဲ့ ဘာလင်မြို့ရှိဆေးရုံကနေ ဆင်းလာပြီဖြစ်ပါတယ်။ နာဗယ်နီရဲ့အခြေအနေဟာ တိုးတက်လာပြီဖြစ်လို့ ကုသမှုတွေရပ်လိုက်ပြီလို့ ဂျာမနီနိုင်ငံ၊ ဘာလင်မှာရှိတဲ့ ဆေးရုံကပြောပါတယ်။