ပြည်၊ ဇီးအုပ်ကျေးရွာအုပ်စုရှိ သံပုရာသီးရောင်းဝယ်သူသုံးဦးတွင် COVID -19 ရောဂါပိုးတွေ့ရှိခဲ့ရာ ထိစပ်ခဲ့သူ ၃၀ ကျော်ကို Facility Quarantine သို့ပို့ဆောင်
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စုက သံပုရာသီး အရောင်းအဝယ်ပြုလုပ်သူ သုံးဦးမှာ COVID -19 ရောဂါပိုး တွေ့ရှိပြီး ထိစပ်သူသုံးဆယ်ကျော်ကို ပြည်တက္ကသိုလ် သန္တာဆောင် Facility Quarantine ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။