ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုလကုန်မှစပြီး အလုပ်သမားလျှော့ချခြင်း၊ ယာယီပိတ်ခြင်းနှင့် အပြီးပိတ်သိမ်းမည့်စက်ရုံ ၂၂၀ ကျော် ရှိ
COVID -19 ဒုတိယလှိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ အခုလကုန်မှစပြီး အလုပ်သမားလျှော့ချတာ၊ ယာယီပိတ်တာနဲ့ အပြီးပိတ်သိမ်းမယ့်စက်ရုံ ၂၂၀ ကျော်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကပြောပါတယ်။