ကျိုက်ထို၌ ထူးကဲဒီရေရိုက်ခတ်မှုအတွင်းနေအိမ်နှင့်အတူမျောပါခဲ့သည့် သားအမိ သုံးဦးအနက်မိခင်နှင့် သားတစ်ဦးတို့၏ ရုပ်အလောင်းများ ပြန်တွေ့ခဲ့

ကျိုက်ထို၌ ထူးကဲဒီရေရိုက်ခတ်မှုအတွင်းနေအိမ်နှင့်အတူမျောပါခဲ့သည့် သားအမိ သုံးဦးအနက်မိခင်နှင့် သားတစ်ဦးတို့၏ ရုပ်အလောင်းများ ပြန်တွေ့ခဲ့
Published 23 September 2020

ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၊ အေးသီတာအပိုင်းမှာစက်တင်ဘာလ (၂၀) ရက်နံနက်ပိုင်းကထူးကဲဒီရေ ရိုက်ခတ်မှုကြောင့် နေအိမ်နဲ့အတူမျောပါပျောက်ဆုံးနေတဲ့ သားအမိ (၃) ဦးအနက်မိခင်ဖြစ်သူနဲ့သားဖြစ်သူတစ်ဦးရဲ့ ရုပ်အလောင်းတွေကိုစက်တင်ဘာလ ၂၂ ရက်နေ့က ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပါတယ်။