COVID-19 အတည်ပြုလူနာသစ်များအနက် ရန်ကုန်တိုင်းမှ ၄၂၅ဦးနဲ့ ရခိုင်ပြည်နယ်မှ ၁၇၀ဦးပါဝင်ခဲ့ပြီးသေဆုံးသူ ၁၃ဦးထပ်တိုးလာကာ သေဆုံးသူစုစုပေါင်း ၁၁၃ ဦးရှိလာ
စက်တင်ဘာလ ၂၁ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများမှ တွေ့ရှိခဲ့တဲ့ COVID-19 အတည်ပြုလူနာသစ်တွေအနက် ရန်ကုန်တိုင်းဒေသကြီးမှ ၄၂၅ဦးနဲ့ ရခိုင်ပြည်နယ်မှ ၁၇၀ဦးပါဝင်ခဲ့ပြီးသေဆုံးသူ ၁၃ဦးထပ်တိုးလာကာ သေဆုံးသူစုစုပေါင်း ၁၁၃ဦးရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကစက်တင်ဘာလ ၂၂ရက်နေ့ ညနေ ၄နာရီခွဲအချိန်ထုတ်ပြန်ချက်အရသိရပါတယ်။