မန္တလေးမြို့ရှိ Hotel Mandalay မှ ဝန်ထမ်းအမျိုးသမီး ၄ ဦးတွင် Covid 19 ရောဂါပိုးတွေ့ရှိခဲ့၍ ဝန်ထမ်း ၅၆ ဦးကို ဟိုတယ်တွင် Quarantine ပြုလုပ်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ မန္တလေးမြို့ရှိ Hotel Mandalay မှ ဝန်ထမ်းအမျိုးသမီး ၄ ဦးမှာ Covid 19 ရောဂါပိုးတွေ့ရှိခဲ့တယ်လို့သိရပြီး လက်ရှိအချိန်မှာ ယင်းဟိုတယ်ရှိ ဝန်ထမ်း ၅၆ ဦးကို ဟိုတယ် Quarantine ပြုလုပ်ကာ နှာခေါင်းတို့ဖတ်ယူ စစ်ဆေးလျက်ရှိတယ်လို့လဲသိရပါတယ်။