ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာ၌ ထူးကဲဒီရေရိုက်ခတ်မှုကြောင့် နှစ်လသား ကလေးငယ်တစ်ဦးအပါအဝင် သားအမိ (၃)ဦး နေအိမ်နှင့်အတူ မျောပါပျောက်ဆုံးနေ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၌ စက်တင်ဘာလ (၂၀) ရက် နံနက် (၅) နာရီအချိန်ခန့်က ထူးကဲဒီရေရိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး ရေနှင့်အတူ မျောပါခဲ့ပြီး နှစ်လသားကလေးငယ်တစ်ဦးအပါအဝင် သားအမိ (၃) ဦး နေအိမ်နှင့်အတူ မျောပါပျောက်ဆုံးနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်