မော်လမြိုင်ဆေးရုံကြီး Hospital Quarantine Ward မှ ရောဂါလက္ခဏာမပြသသည့် Covid Positive လူနာတချို့အား ပြည်နယ်ကုသရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာသို့ ပြောင်းရွှေ့
မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီး Hospital Quarantine Ward က ရောဂါလက္ခဏာမပြသတဲ့ Covid – 19 Positive လူနာတချို့ကို မြေနီကုန်းရပ်ကွက်မှာရှိတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်နယ်ကုသရေးဦးစီးဌာန ဝန်ထမ်း အိမ်ရာကို စက်တင်ဘာလ (၁၈) ရက် ညနေပိုင်းက ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။