စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းထုတ်ပြန်ချက်အရ COVID ပိုးတွေ့လူနာ ၃၉၃ ဦးထပ်မံတွေ့ရှိခဲ့ရာ တစ်ကြိမ်တည်း ပိုးတွေ့သူ အများဆုံးစံချိန်တင်
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက COVID – 19 ပိုးတွေ့လူနာ ၃၉၃ ဦး တွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ရာ ဒါဟာ မြန်မာနိုင်ငံမှာ ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ နောက်ပိုင်းကနေ ဒီကနေ့ နံနက်ပိုင်းအချိန်အထိ ပိုးတွေ့သူ အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။