အပူပိုင်း (Noul) မုန်တိုင်းနှင့်ပတ်သက်ပြီး မြဝတီမြို့အနိမ့်ပိုင်းနေသူများကို ကြိုတင်ကာကွယ်ရန် လိုက်လံသတိပေး
မိုးလေဝသနဲ့ ဇလဗေဒညွန်းကြားမှုဦးစီးဌာနရဲ့ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံပေါ်တွင် ရောက်ရှိနေတဲ ကုန်းတွင်းမုန်တိုင်းငယ်သည် ထိုင်း-မြန်မာ နယ်စပ်အနီး လေဖိအားနည်းရပ်ဝန်း အဖြစ် အားလျော့သွားခဲ့ပြီး၊ ယနေ့ညနေပိုင်းမှာ မြန်မာနိုင်ငံ၊ကရင်ပြည်နယ်သို့ ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားတာကြောင့် ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့သောင်ရင်းမြစ်ကမ်းစပ် အနိမ့်ပိုင်းနေသူတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ စက်တင်ဘာလ ၁၉ရက်နေ့လည်က လိုက်လံသတိပေး ကြော်ငြာခဲ့တယ်လို့သိရပါတယ်။