သြဂုတ် ၁၆ မှယနေ့အထိ ပိုးတွေ့လူနာ ၃၂၆၂ ဦးထပ်မံတွေ့ရှိခဲ့ပြီး တစ်ရက်ပျမ်းမျှ ၁၀၂ ဦးခန့်ကူးစက်ခံရသည့်အနေအထား ဖြစ်နေ

သြဂုတ် ၁၆ မှယနေ့အထိ ပိုးတွေ့လူနာ ၃၂၆၂ ဦးထပ်မံတွေ့ရှိခဲ့ပြီး တစ်ရက်ပျမ်းမျှ ၁၀၂ ဦးခန့်ကူးစက်ခံရသည့်အနေအထား ဖြစ်နေ
Published 17 September 2020

 

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ သြဂုတ်လ ၁၆ ရက်နေ့ ညပိုင်းက ပြည်ပကို ခရီးသွားရာဇဝင်မရှိ၊ ရောဂါအတည်ပြုလူနာတွေနဲ့ ထိတွေ့မှုလည်းမရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးဆီမှာ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့တဲ့အချိန်ကနေစပြီး ဒီကနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီထုတ်ပြန်ချိန်အထိ မြန်မာနိုင်ငံမှာ COVID – 19 အတည်ပြုလူနာ ၃၂၆၂ဦးနဲ့ သေဆုံးလူနာ ၃၃ ဦး ထပ်တိုးလာခဲ့ပါတယ်။