မန္တလေးမြို့ကန်တော်နဒီဆေးရုံတွင်လူနာပြည့်သွားသဖြင့် ကုတင်၃၀၀ဆေးရုံတွင်လူနာများထားရှိကုသမည်

မန္တလေးမြို့ကန်တော်နဒီဆေးရုံတွင်လူနာပြည့်သွားသဖြင့် ကုတင်၃၀၀ဆေးရုံတွင်လူနာများထားရှိကုသမည်
Published 16 September 2020

စက်တင်ဘာ၁၅ရက်တစ်ရက်တည်းမှာ မန္တလေးမြို့မှာ Covid-19 ပိုးတွေ့လူနာ၁၄ဦးရှိခဲ့ရာလက်ရှိလက်ခံကုသပေးနေတဲ့ ကန်တော်နဒီဆေးရုံဟာလူနာပြည့်သွားတဲ့အတွက် ကုတင်၃၀၀ဆေးရုံမှာထားရှိကုသမယ်လို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကသူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။