တရုတ်- မြန်မာနယ်စပ်၊ ရွှေလီနှင့်ကျယ်ဂေါင်မြို့တို့ကို Lockdown ချမှုကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်လုနီးပါးဖြစ်နေ
မြန်မာ -တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုရဲ့ အဓိကကျတဲ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့အတွင်း မြန်မာနိုင်ငံသားအမျိုးသမီးနှစ်ဦးမှာCovid-19 ရောဂါပိုးတွေ့ရှိမှုကြောင့်ရွှေလီမြို့နဲ့ကျယ်ဂေါင်မြို့မှာ Lockdown ချလိုက်တာကြောင့်ကုန်စည်စီးဆင်းမှုရပ်တန့်မလိုဖြစ်နေတယ်လို့ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးဦးလှိုင်စိုးသန့်နဲ့အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမူဆယ်ဥက္ကဌဦးဝင်းအောင်ခန့်တို့ကပြောပါတယ်။