ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးဆင်းစဉ် NLD ပါတီအင်္ကျီ ဝတ်ဆင်ထားသူ လေးဦးက ပိတ်ဆို့ဟန့်ထားခြင်းနှင့် အမျိုးသမီးများကို လက်ရောက်ကျူးလွန်ခြင်း ပြုလုပ်သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီက အမှုဖွင့်
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စည်းရုံးရေးဆင်းစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အင်္ကျီဝတ်ထားသူ အမျိုးသား လေးဦးက ပိတ်ဆို့ဟန့်ထားမှုတွေ ပြုလုပ်ခြင်းနဲ့ အမျိုးသမီးတွေကို လက်ရောက်ကျူးလွန်ခြင်းတို့ ပြုလုပ်တာကြောင့် စက်တင်ဘာ ၁၄ ရက်က အမှုဖွင့်ထားတယ်လို့ တောင်သာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။